Monday, May 9, 2011

An eye for eye

I read a news about Than Shwe called his old generals and meeting at home. The meeting about what he was worry about his wife and childrens's safty after he passed. Ha ha...Than Shwe’s action clearly showed a sign of the insecurity and uneasiness in his mind. Moreover, it also indicates his desperate attempt to ask for pardon from the senior generals in case he loose control over the military. Not surprisingly, it is a symptom every dictator experience during their doomsday. Satan will soon knock on his door and bad omen will always follow him in this life and next, next life. There is no escape from it. Innocent citizen’s blood has flowed for decades because of his brutal crack downs. Each of these citizens has parent, wife, sons, daughters, loved ones. Than Shwe’s lack any sympathy for them. It seems like a joke to know he is now concern with his family’s safety. Than Shwe did not seem to realize that no supernatural has the power to safe or protect him or his family members now and forever. He will have to pay “An eye for an eye”, no more no less.

Sunday, May 8, 2011

အမေ့ကိုချစ်တဲ့သား

အမေ့ကိုချစ်တဲ့သား


အမေ…ဒီလိုနေ့မျိုးမှာ သားနဲ့အတူအရှိနေသင့်ဆုံးသူဟာ အမေပဲလို့အမေမသိဘဲနေ

မှာတော့မ ဟုတ်ပါဘူးနော်။ဒီနေ့ပေါ့။ဟုတ်တယ်..အမေ ဒီနေ့မှာ အမေဟာသားအ

တွက်နဲ့ ချွေးသီးပေါက် ကြီးငယ်ကျခဲ့ဘူးတယ် ဆိုတာလေ။အမေက သားကို အကြီးဆုံး

သားဆိုပေမဲ့ မနှစ်ကအမေမဆုံးပါးခင်အချိန်ထိ သားငယ်လေးလို့ပဲ ခေါ်ခဲ့တာ။သားလူ

ကြီးဖြစ်နေပြီအမေလို့သားကပြောတဲ့အချိန်မှာ ဟုတ်ပါတယ် သားငယ်လူကြီးလေးရယ်

လို့ပြုံးစိစိနဲ့ကြည့်ပြီးအမေပြန်ပြောခဲ့တယ်။သားမှာ သားသမီး ကျောထောက်နောက်ခံဆိုတာ မရှိသေး

ပေမဲ့သားနားလည်ပါတယ်အမေ။သားအသက်ဘယ်လောက်ကြီးကြီး၊ သားအရွယ်ဘယ်

လောက်ရောက်ရောက်၊သားရဲ့ဂုဏ်ဒြပ်တွေ ဘယ်ထိမြင့်မြင့် အမေ့ရဲ့မျက်ဝန်းအိမ်ထဲ

သားဟာ အမေ့အတွက် ကလေးငယ်လေးတစ်ယောက်ဆိုတဲ့အမြင်ကို မပြင်နိုင်သေး

ဘူးဆိုတာလေ။

‘’အဟံအဝေရော ဟောမိ၊အဗျာပဇ္ဇော ဟောမိ၊အနီဃော ဟောမိ၊သုခီအတ္ထာနံ ပရိဟာရာမိ’’

ကျေးရွာ ဓလေ့အရ အလှူတစ်ခုရှိလျှင်မပါမဖြစ် အမြဲပါနေတတ်သော လော်စပီကာ

၏ကျယ်လောင်စူးရှသော အသံကြောင့် အမေနဲ့ပတ်သက်သည့်အတွေးစလေးများ

ခေတ္တပျောက်ကွယ်သွားသည်။လေသာတံခါးကိုဖွင့်၍ပြီးပြင်ပလှမ်းကြည့်လိုက်မိသည်။လမ်းသွားလမ်းလာများနှင့် ခြံ

ဝန်းဥပစာအတွင်း လှည့်လည်ပြေးလွှားကစားနေသောကလေးငယ်များ၊အလှူအတွက်

ချက်ပြုတ်နေသူများ၊ကလေးကစားစရာ အရုပ်၊ပူဖေါင်းစသည်ရောင်းနေသူများ၊ရေခဲ

ချောင်းသည်များ၊မုန့်သည်များကိုကြည့်ပြီး လူတောင်အတော်စည်နေပါပကောလားဟူ

သောအသိနဲ့အတူ လေသားပြူတင်းတံခါးကို ပြန်ပိတ်လိုက်သည်။

အော် မှတ်မိနေပါသေးတယ် အမေ၊အဲ့ဒိနေ့က မိုးတွေအရမ်းရွာနေတယ်၊အမေ့ဆီ

လူတစ်ယောက်ရောက်လားပြီး အဖေတောမှာ ငှက်ဖျားမိလို့ဆုံးသွားတယ်ဆိုတဲ့သ

တင်းကိုလာပြောတယ်။ကြားကြားချင်အမေဘာမှ ပြန်မပြောနိုင်ပဲ တောင့်တောင့်ကြီးရပ်ပြီး မျက်နှာတစ်ချက်မဲ့ရင်းအံကြိတ်လိုက်တာကိုသားသတိထားမိလိုက်တယ်အမေ။အဲ့ဒိအမေ့ရဲ့အံကြိတ်လိုက်တဲ့အမူအရာရဲ့နောက်ကွယ်မှာ သားနဲ့ညီမလေးနှစ်ယောက်အတွက် ခွန်အားတွေကို မွေးမြူလိုက်တဲ့ စိတ္တဇနာမ်အချို့လိုက်ပါလာတယ်လို့သားနားလည်

ခဲ့ပါတယ်အမေ။ညီမလေးနှစ်ယောက်ကို ဘယ်ဘက်လက်နဲ့သားကိုညာဘက်လက်နဲ့

အမေသိုင်းဖက်လိုက်တယ်။အမေ့မျက်နှာကို သားတို့မမြင်အောင်အုပ်ထားပြီးတော့မှ

အသံမထွက်အောင်ငိုခဲ့တယ်။ဒါပေမဲ့အမေ…အမေ့မျက်ရည်တွေက သားနဖူးပေါ်ကိုကျ

လာခဲ့တယ်လေ။

‘’ဟေး ဇာတ်အဖွဲ့တွေလာပြီကွ’’

ရာသီဥတုဖောက်ပြန်မှုများ၊ဆည်မြောင်းတာတမံစီမံကိန်းများဖြင့် ဆန်စပါး၊

ကောက်ပဲသီးနှံ အထွက်နှုန်းကျဆင်းမှုကြောင့် ပွဲမငှားနိုင်သည်မှာသုံးလေးနှစ်ရှိပြီ

ဖြစ်၍ ပွဲငတ်နေသော ရွာသူရွာသားလေးများမှ ရွာထဲသို့ဝင်လာသော ဇာတ်အဖွဲ့ကား

ကြီးကိုမြင်ပြီးအားပါးတရ ဝိုင်းအော်လိုက်ကြခြင်းဖြစ်သည်။အလွန်စူးရှပြီးအုပ်စုလိုက်အော်ဟစ်လိုက်သော အသံဖြစ်၍ ရင်ထဲမှ အမေ့တမ်းချင်းလေးများ ခဏရပ်ဆိုင်းသွားရပြန်သည်။ဘာ

ရယ်မဟုတ် ရှေ့တဲ့တဲ့တွင်ရှိနေသော စာအုပ်ထူကြီးကို ဟိုလှန် ဒီလှန်လိုက်လှန်

သည်။တစ်အုပ်လုံးကုန်အောင်လှန်ပြီးတော့မှ ငါမျက်မှန်လဲမတတ်ဘဲစာတွေဖတ်နေ

ပါလား ဟုသတိရသည်။မဟုတ်ဘူး။စာဖတ်တာ မဟုတ်ဘူး ။စာအုပ်ကြားမှာညှပ်

ထားတဲ့အမေဓါတ်ပုံနောက်တစ်ပုံများရှိဦးမလားလို့ လိုက်ရှာကြည့်နေတာ။အမေ့

ကိုလွမ်းတယ်သာပြောတယ် အမေ့ရဲ့ရှားရှားပါးပါးဓါတ်ပုံလေးတစ်ပုံကို တောင်ဘောင်ကွပ်ပြီးချိတ်ဆွဲ

ဖို့မေ့နေပါလား။ဒါလဲမဟုတ်သေးဘူး။ငါအမေ့အတွက်မေ့နေတာမဟုတ်ဘူး။အမေ

ရဲ့ ဆုံးမစကားတစ်ခုဖြစ်တဲ့ သားလေး တစ်ဦးတစ်ယောက်အကျိုးနဲ့အများအကျိုးနဲ့

ယှဉ်လာရင် တစ်ဦးတစ်ယောက်အကျိုးထက် အများအကျိုးကို ဦးစားပေးရမယ် ဆိုတဲ့

အမေ့စကားအတိုင်း ကိုယ့်တစ်ယောက်အကျိုးကိုခဏမေ့ပြီးအများအတွက်ဦးစားပေး

နေရလို့ အမေ့ဓါတ်ပုံလေးကို မှန်ဘောင်မကွပ်ခဲ့မိတာပါအမေ။အမေစကားကိုမြေဝယ်

မကျလိုက်နာနေတာပါ။

အမေ..အမေ့နားကိုသားပြန်လာပြီးအမေကိုပြုစုလုပ်ကြွေးပါရစေလို့ ပြောတော့

အမေက သားလေးရယ် သားလေးဒီအတိုင်းပညာတွေသင်ပြီးအများအကျိုးအတွက်

ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင်ကြိုးစားနေတာဟာ အမေကို

လုပ်ကြွေးနေတာပဲမဟုတ်လား သားလေးရယ်ပြီးတော့အမေ့အတွက်ဆင်းရဲခြင်းဆိုတာ

အမေ့ရဲ့ဖွားဖက်တော်ပါ ၊အမေကသားကို လောကကြီးအတွက်ပေးလှူလိုက်ပြီ ၊သားက

အမေရဲ့ပါရမီပြည့်အောင်ဝိုင်းဖြည့်ပေးပါလားသားလေးရယ် အမေ့ကိုချစ်ရင်နောက်ဒီ

လိုစကားမျိုးမပြောပါနဲ့နော်တဲ့။အဲ့ဒိစကားကို ဘယ်လိုပုံစံနဲ့အနိုင်ယူဖြေရှင်းပြီးအမေ့

နားကို သားလာခဲ့လို့ရမှာလဲအမေ။ဒါပေမဲ့အမေ သားကိုသားရဲရဲပြောရဲတယ်။သားဟာ

အမေနဲ့အဝေးဆုံးအရပ်ဒေသမှာရှိနေခဲ့ပေမဲ့..အမေ့ဆုံးမစကားတွေကို မြေဝယ်မကျ

နားထောင်ခဲ့သူဖြစ်လို့အနီးဆုံးကသားတစ်ယောက်ပါအမေ။

အမေဟာ သားသမီးတွေတင်မကပါဘူး…ပတ်ဝန်းကျင်ကိုလှပစေခဲ့သူအဖြစ်နဲ့လူသိ

များသူပဲ ဟုတ်တယ် အဲ့ဒိနေ့ကအမေအစောကြီးထသွားတယ်…လမ်းထိပ်က ခရေပင်

ကြီးအောက်မှာ ခရေပန်းတွေအများကြီးကောက်ခဲ့တယ်..ပြန်လာတော့ ထမင်းဟင်းတွေ

ချက်ပြုတ်တယ်။ဟိုလူးဒီလှိမ့်နဲ့မို့တနေရာစီရောက်နေတဲ့သားတို့မောင်နှမသုံးယောက်

ရဲ့ဘေးပတ်ပတ်လည်က စောင်တွေကို အသာအယာမယူပြီးတော့ ပြန်ခြုံပေးခဲ့တယ်။အမေသားတို့အပေါ်ဂရုစိုက်ခဲ့တာကိုပဲ အားရကျေနပ်မိလို့အမေ့

ကိုကူဖို့မေ့ပြီး ဆက်မှိန်းနေလိုက်တယ်။ချက်ရင်းပြုတ်ရင်းနဲ့ကောက်လာခဲ့တဲ့ ပန်းလေး

တွေကိုလဲ သီကုံးနေတယ်။အားလုံးပြီးသွားတဲ့အချိန်မှာ အမေဘုရားရှိခိုးတယ်။အဖေ့အတွက်ဆုတောင်းမေတ္တာပို့သံ၊အမျှဝေသံ၊ကတိပေးသံ

သံတွေကိုလဲအတိုင်းသားကြားနေခဲ့တယ်အမေ။ဘယ်လိုမေတ္တာတွေပို့ပြီးဘာကတိ

တွေပေးခဲ့တယ်ဆိုတာကတော့ အမေပဲအသိဆုံးဖြစ်မှာပါအမေ။အဲ့ဒိနေ့ကပန်းကုန်း

တွေတအိမ်ကို တစ်ကုံးကျအမေပေးခဲ့တယ်။အလှူကြီးမလုပ်နိုင်သေးလို့အလှူလေး

လုပ်တာပါတဲ့။ပြီးတော့ သားအမိလေးယောက် ဆွမ်းချိုင့်လေးတစ်လုံးဆွဲပြီးဘုန်းကြီး

ကျောင်းကိုချီတက်ခဲ့ကြတယ်။အဖေ့ရဲ့တစ်နှစ်ပြည့်ဆွမ်းအလှူတဲ့။ဆရာတော်က ဆုပေးကောင်းလွန်းတော့ ကျေနပ်အားရနေတဲ့အမေပါးကမျက်ရည်စက်လေးတွေဟာ

မငိုပဲနဲ့တလိမ့်လိမ့်စီးကျလာတာကို သားအမှတ်ရနေတုန်းပဲအမေ။

‘’ဟေ့ကောင် ဒါငါဦးထားတဲ့နေရာကွ..’’

‘’ဟာ ဒီနေရာက ပွဲခင်းကွ ပွဲမစမချင်း ကြိုက်တဲ့သူ ကြိုက်သလိုယူခွင့်ရှိတယ်’’

ကလေးများပွဲခင်းအတွက်နေရာလုရင်း မိဘများပါလာသည်အထိ အနည်းငယ်ကြီး

ထွားလာသည်။မိန်းမတစ်ယောက်က သူ့သားရန်ဖြစ်သည် ဟုကြား၍ ရောက်ချလာပြီး

ဘာမှ မမေးမစမ်းပဲ တဖက်ကလေးအမေရဲ့ဦးခေါင်းကို အုပ်နီခဲနှင့်ကောက်ထုချလိုက်

သည်။ငါ့သားကို ထိရင် အဲ့ဒိလိုခံစားသွားရမယ် ဆိုတာ အားလုံးမှတ်ထားကြ ဟုခပ်တို

တိုဝတ်ထားသော လုံချည်ကို’’ မ’’ရင်း လက်တဖက်ကလဲသားကိုဆွဲလျှက်ပြောလိုက်

ခြင်းဖြစ်သည် ။

အော် အမေရယ် သားနဲ့အမိဆိုတဲ့ပုံရိပ်တင်မဟုတ်ပါဘူး ဘယ်လိုပုံရိပ်ကိုပဲတွေ့တွေ့

အမေ့ကိုလွမ်းစရာတွေချည်းဖြစ်ခဲ့ရတယ်။အခုလဲကြည့်လေ ငါ့သားကိုထိရင် တဲ့။တချိန်က သားအတွက်နဲ့အမေလဲဒီလိုပြောခဲ့တာပဲလေ။ဟုတ်တယ် ။မှတ်မှတ်ရရ

ငါးတန်းတတ်တဲ့နှစ်ကပေါ့။မူလတန်းကျောင်းကနေ အထက်တန်းကျောင်းကို စရောက်

တဲ့နှစ်။နောက်တော်ကျောင်းသားကြီးတွေရဲ့ကျောင်းမပြေးဘူးရင် ကျောင်းသားမပီသဘူးဆိုတဲ့ ဆိုရိုးစကားကို နောက်ရောင်ခံရင်း ပထမဆုံးနဲ့နောက်ဆုံး

အကြိမ်အဖြစ် ကျောင်းပြေးခဲ့ဘူးတယ်။ကျောင်းပြေးပြီး ဘယ်မှလျှောက်သွားစရာမရှိလို့

အိမ်ကိုစောစောပြန်ရောက်လာတယ်။အခုချိန်ဆိုအမေလဲ တောထဲမှာ ထင်းခုတ်လို့ကောင်းတုန်းပဲလို့ကြိုသိထားတဲ့အတွက် အိမ်ကို စိတ်အေးလက်အေး

နဲ့ပြန်လာခဲ့တာပါ။အိမ်မှာအ မေမရှိတာမှန်ပေမဲ့ ကံဆိုးချင်တော့ အမေ့ကိုကြိတ်ပိုးနေ

တဲ့ဦးသာအောင်ကြီးကမျက်နှာလုပ်ပြီးသားကို ဆုံးမတယ်။ရိုက်လဲရိုက်တယ်။မင်းအမေ

ကတော့ မင်းအတွက် နေပူမရှောင်မိုးရွာမရှောင်နဲ့ ပုံမှန်ယောက်ျားသားတွေ ထမ်းတဲ့

ထင်းစီးကို နှစ်စီးထပ်ထမ်းပြီး လုပ်ကြွေးနေတာကွ၊အဲ့ဒါကိုမင်းမို့လို့ကွာ ဟု ပြောလိုက်ရိုက်လိုက်လုပ်နေတယ်လေ။သူပြောတာက ဟုတ်လဲဟုတ်နေတာမို့ ဘာမှ

ပြန်မပြောနိုင်ပဲ ငြိမ်ခံခဲ့ရတယ်။အမေပြန်ရောက်လာတော့ ကိုယ့်အပြစ်နဲ့ကိုယ်မို့

အမေ့ကိုစကားပြောဖို့တောင် ရှက်နေမိတယ်။သားသမီးတွေကိုအမြဲတန်းအရိပ်တကြည့်ကြည့် ရှိနေခဲ့တဲ့အမေက သားဘာဖြစ်နေတာလဲ လို့အတန်တန်မေးတယ်။ဒါပေမဲ့သားဘာမှပြန်မပြောခဲ့ဘူး။အဲ့ဒိအချိန်မှာ ဦးသာအောင်

ရောက်လာတယ်။နင့်သား ကျောင်းပြေးလို့ငါဆုံးမထားတာ ဟုမျက်နှာဝင်လုပ်တယ်။အမေက ချက်ချင်းပြန်မေးတယ်။ရှင်ကျမသားကို ရိုက်လိုက်

သေးလားတဲ့။ဦးသာအောင်က ရိုက်ရတာပေါ့ မရိုက်ရင်နောက်ဘယ်လိုလုပ်မလဲ လို့

မှပြောမဆုံးသေးဘူး ပါလာတဲ့ထင်းစီးထဲက တစ်ချောင်းကို ဆွဲထုတ်ပြီးဦးသာအောင်

ရဲ့ခေါင်းကို လေးငါးချက်လောက်ဆင့်ရိုက်ပစ်လိုက်တယ်။ပြီးတော့ အမေ့ပါးစပ်ကလဲ

ပြောလိုက်သေးတယ်..ငါ့သားကိုထိရင် အဲ့ဒိလိုပဲခံစားရမယ်..ငါ့သားမှာ ဆုံးမမဲ့သူငါ

တစ်ယောက်လုံးရှိနေတယ်…ငါအသက်ရှင်နေသမျှကာလပတ်လုံးငါ့သားကို ထိရဲတဲ့

လူထိကြည့်ဟေ့တဲ့။

တစ်အိမ်တက်ဆင်း ပန်းကုံးလေးတွေ ဝေခဲ့ဖူးလို့အနူးညံ့ဆုံးအမျိုးသမီးအဖြစ်နဲ့

လူသိများသူခဲ့တဲ့အမေဟာ သားအတွက်နဲ့မိန်းမကြမ်းကြီးတစ်ယောက်အဖြစ်နဲ့လူ

သိများခဲ့ပြန်တယ်။

“ ဟိုလို..ဟလို ဝမ်း ..တူး..သရီး.’’

မိုက်စမ်းသံကိုကြား ၍ နာရီကိုလှန်းကြည့်လိုက်သည်။ကိုးနာရီထိုးဖို့ဆယ့်ငါးမိနစ်။

လုပ်စရာရှိသည်များဆက်လုပ်ရဦးမည်ဖြစ်၍့ အဆင်သင့်အနေထားဖြစ်ရန် ပြင်ဆင်

လိုက်သည်။အမေ့ဓါတ်ပုံလေးကို အသာယာနမ်းရှိုက်ပြီး ရင်ဘတ်တွင်ခေတ္တကပ်ထားလိုက်သည်။..အမေရေ အမေရဲ့အလိုအတိုင်းနေခဲ့ပြီး အမေ့အတွက်ပါရမီဖြည့်ခဲ့တဲ့သားလေးရဲ့အောင်မြင်မှုကို

လာကြည့်ပါဦး ဟုတိုင်တည်စကားဆိုရင်း ခါးတွင်ချိတ်ထားသော ပုဝါစကိုဖြုတ်၍ ခွင့်ပြုချက်မရပဲ စီးဆင်းလာသောမျက်ရည်စအချို့ကိုသုတ်ပစ်လိုက်သည်။

“ဆရာတော်ဘဒ္ဒန္တအရှင်စက္ကိန္ဒ၏

သက်တော် (၉၁)နှစ်ပြည့်မွေးနေ့အခမ်းအနားနှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ

ပူဇော်ပွဲအခန်းအနားစတင်မည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးမှ ကြွရောက်လာကြကုန်သောသဒ္ဓါကြည်လင်ပါရမီရှင်အပေါင်းသူတော်ကောင်းတို့အားနေရာယူပေးကြပါရန် လေးစားစွားဖြင့် အသိပေးနှိုးဆော်အပ်ပါသည်ခင်ဗျာ...

ထို့နောက်….

ရင်ဘတ်တွင် ကပ်ထားသော အမေ့ဓါတ်ပုံလေးကို သေချာစွာပြန်လည်စိုက်ကြည့်လိုက်

ရင်း တိုးတိုးလေးပြောလိုက်သည်။

“သားရဲ့ပူဇော်ပွဲဟာ အမေရဲ့ပူဇော်ပွဲပါပဲအမေ..ဒီလိုနေ့မျိုးမှာ အမေဟာသားနဲ့အတူရှိနေသင့်ပါတယ်..ဒီနေ့ဟာသားကိုပူဇော်ခံနေ့တစ်နေ့ဖြစ်ဖို့

အမေအသက်နဲ့ရင်းခဲ့ရတဲ့နေ့ပါအမေ…’’